အိန္ဒိယ ကာကွယ်ဆေး ဟာ လူသားအား လုံးအတွက် ဖြစ်ရမယ် ဆို တာ ကမ္ဘာကြီး ကို ကျွန်တော် ကတိပေးပါတယ် ဆိုတဲ့ မိုဒီ

Posted on

အိန္ဒိယ ကာကွယ်ဆေး ဟာ လူသားအား လုံးအတွက် ဖြစ်ရမယ် ဆို တာ ကမ္ဘာကြီး ကို ကျွန်တော် ကတိပေးပါတယ် ဆိုတဲ့ မိုဒီ

သာဓု ၃ ကြိမ် ခေါ်ပါတယ်ဗျာ မိုဒီကြီး ကို မေတ္တာပို့ကြပါ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ကိုရိုနာကပ်ရောဂါအတွက် သူ့နိုင်ငံကထုတ်လုပ်နေတဲ့ ကာကွယ်ဆေးဟာ တကမ္ဘာလုံးကို လုံလောက်စေရမယ်လို့ ကုလသမဂ္ဂမှာ ကတိပေးလိုက်တယ်

ကမ္ဘာ့လူသား အားလုံးကို ဒီနေ့ ကျွန်တော် ကတိပေးပါတယ် ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကာကွယ်ဆေးတွေ ထုတ်လုပ်နေတဲ့ နိုင်ငံတစ်ခုအနေနဲ့ ကျွန်တော်ကမ္ဘာကို အာမခံချက်တစ်ခုကို ဒီကနေ့ ပေးချင်ပါတယ် ဆိုပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့တာပါ

အိန္ဒိယရဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးနဲ့ ပို့ဆောင်ပေးရေး အစွမ်းဟာ ကမ္ဘာပေါ်က လူသားအားလုံးအတွက် ကပ်ရောဂါကို ခုခံတိုက်ခိုက်ရာမှာ အထောက်အကူ ဖြစ်လာပါလိမ့်မယ် အိန္ဒိယနိုင်ငံ ကိုယ်နှိုက်က ကပ်ရောဂါကို မပြန့်ပွားအောင် ထိန်းချုပ်နိုင်ဖို့အရေး ကြိုးပမ်းနေရချိန်မှာ မိုဒီက အခုလို ကတိပေးလိုက်တာပဲ ဖြစ်ပါတယ်

အိန္ဒိယနိုင်ငံမှာ လူပေါင်း ၆ သန်းကူးစက်ခံထားရပြီး ၉၃၀၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ် ကမ္ဘာမှာ တတိယမြောက် ဆုံးရှုံးမှုအများဆုံးနိုင်ငံ ဖြစ်ပါတယ် အိန္ဒိယက ကာကွယ်ဆေးထုတ်လုပ်ရေး ဟာ တတိယအဆင့်စမ်းသပ်မှုကို ကျော်ဖြတ်နိုင်တဲ့အဆင့်ကိုရောက်နေပါပြီ လူအများနဲ့ စမ်းသပ်နေတဲ့ အဆင့်ဖြစ်ပြီး စိတ်ချရမှုနဲ့ အစွမ်းထက်မြက်မှုကို ဆုံးဖြတ်နိုင်ဖို့ “ရွှေ”အဆင့်သတ်မှတ်ထားတဲ့ အဆင့်ဖြစ်ပါတယ်

အိန္ဒိယအနေနဲ့ ကမ္ဘာ့နိုင်ငံအားလုံးကို ဆေးတွေတင်ပို့ရာမှာရော နိုင်ငံတွေအနေနဲ့ ဆေးတွေကို ထိန်းသိမ်းထားရာမှာပါ လမ်းခရီးတစ်လျှောက်ကစပြီး ဆေးဂိုထောင်ထဲမှာထားတဲ့အထိ အပူချိန်ထိန်းထားနိုင်ဖို့ cold chain အရေးကိုပါ ထည့်စဉ်းစားထားပြီး ကူညီသွားမယ်လို့ ပြောခဲ့ပါတယ် ကုလအထွေထွေအတွင်းရေးမှူးချုပ် ဂူတားရက်စ်က လူသားအားလုံးအတွက်ကာကွယ်ဆေးကို တချိန်လုံးတွန်းအားပေးနေခဲ့ပြီး ကမ္ဘာပေါ်နေရာတိုင်းက လူသားအားလုံး အတွက်ဖြစ်ဖို့လိုတယ် လူသားတိုင်းကာကွယ်ဆေးသုံးစွဲခွင့်ရဖို့လိုတယ်လို့ ပြောနေခဲ့ပါတယ်

 

သူစိတ်ပူနေတာက တချို့နိုင်ငံတွေဟာ သူတို့နိုင်ငံနဲ့ သူ့နိုင်ငံသားတွေအတွက်ပဲ ပထမဦးစားပေးပြီး လုပ်နေတယ်လို့ သိရတယ်ဆိုတဲ့ အကြောင်းကိုပြောခဲ့ပါတယ် ကိုယ့်နိုင်ငံအတွက်ပဲ အမျိုးသားရေးကာကွယ်ဆေးဆိုပြီး လုပ်နေတဲ့ လုပ်ရပ် vaccinationalism ဆိုတာဟာ မမျှတပါဘူး ဒါဟာ မကောင်းတဲ့ဘက်ကို ဖြစ်ဖို့များတယ် အားလုံး လုံခြုံစိတ်ချရမှ ဖြစ်မယ့်ကိစ္စပါ တစ်ယောက် စိတ်မချရရင် အားလုံးအတွက် စိတ်မချရပါဘူး ခင်ဗျားတို့သိပါတယ် လို့ဂူတားရက်စ်က ပြောခဲ့ပါတယ်

(တချို့နိုင်ငံတွေ ချမ်းသာတဲ့နိုင်ငံတွေဟာ ဆေးကုမ္ပဏီကြီးတွေနဲ့စာချုပ်ထားကြပါတယ် သူတို့လူဦးရေထက် နှစ်ဆလောက်ကို စာချုပ်ထားပြီး သူတို့ကို အရင်ပေးရမယ်ဆိုတဲ့ စာချုပ်တွေနဲ့ စရန်တွေ ပေးထားကြပါတယ် တချို့နိုင်ငံဆိုရင် သူ့နိုင်ငံလူဦးရေရဲ့ ငါးဆအထိ စာချုပ်ထားပါတယ်) သြစတေးလျနိုင်ငံဝန်ကြီးချုပ် Scott Morrison ကပြောရာမှာတော့ “ဘယ်သူဆေးဖော်နိုင်ဖော်နိုင် မျှဝေပေးရမယ် တချို့တွေက ရေတိုအကျိုးပဲကြည့်ကြလိမ့်မယ် အကျိုးအမြတ်ကိုရှေ့တန်းတင်ကြမယ် အဲ့သည်လိုတွေ တွေးနေလို့ ကတော့ ကျွန်တော်ပြောလိုက်မယ် လူသားတွေမှာ သိပ်ရှည်လျားတဲ့ မှတ်ဉာဏ်တွေ မှတ်တမ်းတွေရှိတယ် မေ့သွားမှာ မဟုတ်ဘူး ဆိုးဆိုးရွားရွားဆုံးဖြတ်ကြလိမ့်မယ် နော် ” လို့ပြောခဲ့ပါတယ် သြစတေလျကတော့ရှင်းတယ်ဗျာ ကျွန်တော်တို့ ရရင် ကျွန်တော်တို့မျှဝေပေးမယ် ဒါဟာကျွန်တော်တို့ ပေးနိုင်တဲ့ကတိပဲ လို့ ပြောသွားပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က လူ့ဘောင်လောကမှာ အားနည်းသူ ဆင်းရဲသူတွေကို ဦးစားပေးသင့်တယ်လို့ သောကြာနေ့ကပြောခဲ့ပါတယ်

အိန္ဒိယရဲ့ စေတနာကိုမြင်တွေ့ရပါတယ် တချို့ကတော့ ကပ်ရောဂါကို နိုင်ငံရေးလက်နက်အဖြစ်မသုံးပါနဲ့လို့ တွင်တွင်အော်နေပြီး mask diplomacy ppe diplomacy vaccine diplomacy စတာတွေနဲ့ နိုင်ငံရေးအမြတ်ထုတ်နေချိန်မှာ အိန္ဒိယက ကုသဆေးတွေတောင် လာပို့သွားခဲ့ပါပြီ မကြည့်ပဲတောင်မြင်နေရပါတယ်

Pi Lon

Leave a Reply

Your email address will not be published. Required fields are marked *