HUAWEI MatePad ကို Enteratinment Tablet တစ်လုံးအနေနဲ့ သုံးနိုင်တဲ့ အားသာချက်များ

ကျွန်တော်တို့အနေနဲ့ HUAWEI MatePad အကြောင်း ဂဃနဏ တင်ဆက်ပေးနေတဲ့အတိုင်း ဒီတခါ ဖော်ပြချင်တာ အဆိုပါ Tablet မှာ ပါဝင်ထားတဲ့ Display ၊ Audio ပိုင်းနဲ့ Software ပိုင်း လုပ်ဆောင်ချက်တွေပါ။

သိတဲ့အတိုင်း MatePad ဟာ Entertainment နဲ့ eLearning အတွက် ထုတ်လုပ်ထားတဲ့ Tablet တစ်လုံးဖြစ်သလို ဒီဆောင်းပါးမှာ Highlight လုပ်ပေးချင်တာ HUAWEI ထည့်သွင်းထားတဲ့ Feature နဲ့ Software ပိုင်းဆိုင်ရာ ထူးခြားချက်တွေပါ။

အရင်ဦးဆုံး Display က ပဲ စလိုက်ရရင် 10.4” ဟာ 16:9.6 Aspect Ratio ရှိပြီး 2K Resolution သုံးထားတဲ့အတွက် Display ပိုင်း အားရစရာ ကောင်းတယ်၊ ဒါ့အပြင် Bezel တွေဟာ 7.9mm အထူပဲ ရှိသလို 84% Screen-to-body Ratio ပိုင်ဆိုင်ထားတဲ့အတွက် အမြင်အားဖြင့်လည်း ဆွဲဆောင်မှု ရှိတယ်။

ဒါကြောင့် Entertainment အပိုင်းမှာ အထောက်ကူ ဖြစ်တယ်လို့ ဆိုနိုင်သလို Display ပိုင်းနဲ့ ပတ်သက်လို့ အားဖြည့်ထားတာ တင်ပြရရင် Audio ပိုင်းပါ။ Quad-speaker စနစ် အသုံးပြုပေးထားပြီး ဖျော်ဖြေရေး အသားပေးဖြစ်စေဖို့ 3D Audio Effect ကိုလည်း ထောက်ပံ့ထားပါတယ်။

HUAWEI MatePad

အဆိုပါ အချက်တွေကို Kirin 810 SoC က ပါဝင်ပေးတာဖြစ်ပြီး HUAWEI ကိုယ်တိုင် ဖန်တီးထားတဲ့ Octa-core CPU မှာ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တဲ့ GPU လည်း ပါဝင်ပါတယ်။

ဒါ့အပြင် 7,250mAh Battery နဲ့ အားဖြည့်ပေးထားပြီး တေးသီချင်း နားဆင်တာဖြစ်စေ ၊ ရုပ်ရှင်ကြည့် ဂိမ်းဆော့တဲ့အခါ အသုံးခံတဲ့ Battery ကို ပေးစွမ်းဦးမှာပါ။

HUAWEI MatePad: Incredible Vibrancy

ဒီခေါင်းစဥ်နဲ့ လိုက်ဖက်အောင် စကားဆိုရရင် မိုဘိုင်း Display နဲ့ ရုပ်ရှင်ကြည့်တဲ့အခါ ဆိုကြပါစို့ စမတ်ဖုန်း ဖြစ်နေရင် အားမလို ၊ အားမရ ဖြစ်စေတဲ့အချက်က Viewing Experience ပါ။

Screen အရွယ်စား ပိုကြီးတဲ့ Tablet နဲ့ ကြည့်ရင်တော့ ပိုမိုကျယ်ပြန့်တဲ့ Viewing Experience ကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် စမတ်ဖုန်း Display လို ရုပ်ရှင်ကြည့် ၊ ဂိမ်းကစားတဲ့အခါ အားရစေသလို MatePad ရဲ့ 7.9mm သာ အရွယ်စားရှိတဲ့ Bezel တွေက Entertainment အရသာကို ပိုမို ပြည့်စုံစေဦးမှာပါ။

HUAWEI MatePad

image: HUAWEI

2K Resolution ပါဝင်တယ်လို့ သိထားတဲ့အတိုင်း 2,000 x 1,200p ဆိုတာ 10.4” Screen မှာ Pixel များစွာ ပါဝင်စေတာပါ။ ဒါကြောင့် ရုပ်ထွက် ညက်ညောလှပစေသလို HUAWEI အနေနဲ့ အားဖြည့်ထားတာ တင်ပြရရင် App Multiplier လုပ်ဆောင်ချက် ပါဝင်ပါတယ်။

သူ့ Function က ဘယ်လိုလဲဆိုရင် Tablet ကို Landscape Mode နဲ့ သုံးတဲ့အခါ Application တွေကို Split Screen အနေနဲ့ ဖော်ပြပေးနိုင်ပြီး App နှစ်ခုကို တပြိုင်နက် သုံးစွဲနိုင်မယ်၊ App Position ကိုလည်း လိုသလို Adjust လုပ်နိုင်တဲ့အတွက် တနည်းဆိုရရင် Multi-tasking ပိုင်း ပိုကောင်းစေတာပါ။

Split-screen Landscape Mode

ဒါကြောင့် HUAWEI MatePad မှာ 2K Resolution ပါဝင်တာ အဆိုပါအချက်တွက် ဖြစ်သလို Android Tablet အများစု Landscape Mode နဲ့ Split Screen သုံးနိုင်တာ ရှားပါတယ်။

Quality ပိုင်းအနေနဲ့ HUAWEI ပံ့ပိုးထားတာ ပြောရရင် MatePad Display ဟာ 70.8% NTSC Colour Gamut Support ပေးထားတယ်။ ဒါက ရုပ်ရှင်ကြည့် ၊ ဂိမ်းကစားတဲ့အခါမျိုးအပြင် Content တွေကို အရောင် ၊ အသွေး စိုစိုပြေပြေ ဖော်ပြနိင်ပါတယ်။

ခုလို အားသာချက်အပြင် Enhancement Feature အနေနဲ့ ClariVu Display လုပ်ဆောင်ချက် ထည့်သွင်းပေးထားပြီး Dynamic Range Effect ကို ချိန်ငြိပေးမယ့် Adaptive Adjustment Function ပါဝင်ပါသေးတယ်။

HUAWEI MatePad

Image: HUAWEI

မြင်လွယ်အောင် နောက်တမျိုး ပြောရရင် Contrast နည်းပါးပြီး Detail အားနည်းနေတဲ့ ရုပ်ပုံနဲ့ ဗီဒီယိုတွေကို Detail ပိုကောင်းလာအောင် ၊ Colour Saturation ပိုပြည့်စုံအောင် စွမ်းဆောင်နိုင်ပြီး ကောင်းမွန်တဲ့ ရုပ်ထွက်ရရှိစေဖို့ Sharpness တိုးပေးတာ စသဖြင့် လုပ်ထုံးတမျိုးနဲ့ ဖြည့်ဆည်းပေးနိုင်တာကို ပြောချင်တာပါ။

ဒ့ါအပြင် TUV Rheinland Certified Display ဖြစ်တဲ့အတွက် အမြင်အာရုံ ထိခိုက်စေမယ့် Blue Light ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Drop the Beat!

University ဘဝမှာ စာသင်တာနဲ့ ပျော်ပါးတာပဲ ကျောင်းသားတွေ စိတ်ဝင်စားကြသလို တဖက်က ကြည့်ပြန်ရင်လည်း ပင်ပန်းလာတဲ့အခါပဲ ဖြစ်ဖြစ် ၊ အနားယူတဲ့အချိန်မျိုးမှာ ပါတီပွဲကျင်းပပြီး ပျော်ပါးတာမျိုး ရှိပါတယ်။

ဒီလို ကိစ္စမျိုးအတွက် ငွေအသုံးဖြုန်း မများချင်၊ ပါတီပွဲဆိုရင် Music ပါမှ ပြည့်စုံတာဆိုတော့ MatePad ကို အသုံးပြုနိုင်တယ်။ ပြောရင်တော့ Party ပွဲကို ကိုယ်တိုင်ကျင်းပလို့ရဲ့ အဓိပ္ပာယ်ပါ (တင်စားခြင်း သက်သက်သာ)

အထက်မှာ ပြောခဲ့တဲ့အတိုင်း Quad Speaker စနစ်နဲ့ ဖွဲ့စည်းထားလို့ ကောင်းမွန်တဲ့ အသံထွက်ကို ပေးစွမ်းနိုင်တယ်၊ HUAWEI အနေနဲ့လည်း Audio ပိုင်းမှာ အားဖြည့်ထားပြီး ဘာထူးခြားသွားလဲ တင်ပြရရင် Android Tablet အများစုဟာ Dual-channel ကိုပဲ သုံးကြတယ်။

HUAWEI MatePad

Image: HUAWEI

တကယ်လို့ Audio Source က Multi-channel ထောက်ပံ့ရင်တောင် Channel နှစ်ခုနဲ့ပဲ Compress လုပ်မှာဖြစ်တဲ့အတွက် MatePad မှာ Quad-channel ရအောင် Redesign လုပ်ထားတယ်လို့ ပြောချင်တာပါ။

Multi-channel Audio Support

အခုလို ဆောင်ရွက်ပေးဖို့ Kirin 810 အကူညီလဲ လိုအပ်ပြီး အဆိုပါ Chipset မှာ Multi-channel Signal Processing လုပ်ဆောင်ချက် ပါဝင်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ အသံ Quality ထုတ်ပေးနိုင်တာပါ။

Software ပိုင်းအနေနဲ့ ပါဝင်ထားတာကို တင်ပြရရင် HUAWEI MatePad မှာ A.I နဲ့ အားဖြည့်ထားတဲ့ Histen 6.0 အသုံးပြုထားပြီး Audio Detail နဲ့ Virtual Bass သံကို Improve ဖြစ်လာအောင် စွမ်းဆောင်နိုင်ပါတယ်။

အဆိုပါ HUAWEI Audio ဟာ ကြည်လင်ပြတ်သားတဲ့ Surround Sound ထုတ်ပေးနိုင်တဲ့အပြင် Harman Kardon နဲ့ Fine Tuning လုပ်ထားတဲ့အတွက် ခံစားနားဆင်ရတဲ့ Audio Experience ဟာ တမူထူးခြား ကောင်းမွန်နေမှာပါ။

HUAWEI MatePad

Image: HUAWEI

ဒါကြောင့် ပါဝင်တဲ့ နည်းပညာနဲ့ အသုံးပြုထားတဲ့ Component တွေရဲ့ စွမ်းအားကြောင့် MatePad ကို House Party ကျင်းပဖို့ Bluetooth Speaker မလိုဘဲ အသုံးပြုနိုင်ပါတယ်။ ဒီလိုပြောရတာ Tablet ရဲ့ Audio Stroke Length ဟာ တခြား Tablet တွေထက် 60% ပိုကောင်းလို့ ဖြစ်ပါတယ်။

Stays when you need

အခုလို Entertainment ပိုင်း ပြည့်စုံနေတဲ့ Tablet မှာ ထပ်မံ ဖော်ပြလိုတာက Battery အပိုင်းပါ။ ရုပ်ရှင်ကြည့်တဲ့အခါ ဖြစ်ဖြစ် ၊ စာဖတ်တဲ့အခါမျိုးမှာ တာရှည်ခံတဲ့ Battery သုံးစွဲနိုင်မယ်။ Kirin 810 SoC ကလည်း Power Efficient ဖြစ်တဲ့အတွက် ပါဝါသုံးစွဲမှုကို ဆွဲဆန့်ပေးနိုင်မယ်။

ဒီလို ကောင်းမွန်တဲ့ Battery Life ရရှိစေဖို့ HUAWEI ရဲ့ AI Power Saving နည်းပညာနဲ့ အားဖြည့်ထားပြီး EMUI နဲ့ တွဲဖက်ထားတဲ့အတွက် အင်တာနက် အသုံးပြုမှုအတွက် 12hrs ၊ 1,080p ဗီဒီယို ကြည့်ရှုမှုအတွက် 12hrs နဲ့ ဂိမ်းကစားဖို့ 7hrs အသုံးခံမှာပါ။

HUAWEI MatePad

Image: HUAWEI

တကယ်လို့ အားကုန်သွားခဲ့ရင် 10W Charging စနစ်နဲ့ အားပြန်သွင်းနိုင်ပြီး 16% ကို နာရီဝက်နဲ့ အားပြန်ဖြည့်ပေးနိုင်ပါတယ်။ တကယ်လို့ အားအပြည့်သွင်းပြီး အသုံးပြုမယ်ဆိုရင်တော့ တနေ့တာအတွက် လုံလောက်တဲ့ Battery Life ကို ပေးစွမ်းနိုင်ပါတယ်။

HUAWEI MatePad Homepage
HUAWEI Myanmar ဆောင်းပါးအား ဆီလျော်သလို တင်ဆက်ခြင်း ဖြစ်ပါတယ်။

လေ့လာနိုင်မယ့် HUAWEI MatePad ဆောင်းပါးများ

ဖျော်ဖြေရေးနဲ့ သင်ကြားရေး အထောက်ကူပြု Tablet ဖြစ်လာတဲ့ HUAWEI MatePad
HUAWEI MatePad အားသာချက်များ

Add a Comment

Your email address will not be published. Required fields are marked *