90Hz AMOLED Display ၊ Mid-range Snapdragon SoC သုံးလာမယ် ပေါက်ကြားလာတဲ့ Google Pixel 5

Google အနေနဲ့ Pixel 4a စမတ်ဖုန်း မိတ်ဆက်ပြီး မကြာခင်မှာပဲ Pixel 5 ရဲ့ အချက်လက် တချို့ ပေါက်ကြားလာပြီ ဖြစ်ပါတယ်။ သိတဲ့အတိုင်း 2020 ဒုတိယနှစ်ဝက် ကာလက Budget ၊ Mid-range စမတ်ဖုန်း မျိုးစုံ အထွက်ကြမ်းနေသလို ရွေးစရာလည်း ပေါများနေပါတယ်။

သို့ပေမယ့် ကုမ္ပဏီတွေက ခေတ်ရေစီးကြောင်းနောက် လိုက်နေရသလို စက်တင်ဘာလထဲမှာဆိုရင် ရေပန်းစားနေတဲ့ iPhone မော်ဒယ် အသစ်ကို ကြေညာပေးဦးမယ်။

ဒိကြားထဲ Microsoft ရဲ့ စိတ်ဝင်စားစရာ Surface Duo ကိုလည်း ရောင်းချသွားဦးမယ်ဆိုတော့ Flagship တန်းမှာ မြင်စရာစလို့ များများစားစား မရှိတော့ပါဘူး။

Pixel 5 emerge

Google အပြင် HUAWEI ပဲ ကျန်တာမို့ လတ်တလော ပေါက်ကြားလာတဲ့ Pixel 5 က သုံးစွဲသူတွေ အမြင်မှာ ဘယ်လိုရှိနေမလဲ? ဒီလို စကားပလ္လင်ခံရတဲ့ အကြောင်းပြချက်က Specification ကြောင့်ဖြစ်ပြီး သိနှင့်ထားသလို Snapdragon 765G နဲ့ ပွဲထုတ်လာနိုင်တဲ့ အတွက်ကြောင့်ပါ။

Pixel 5 Rumours

Image: Pocket-lit

အဆိုပါ Chipset ဟာ စွမ်းဆောင်ရည် ကောင်းတယ်ဆိုပေမယ့် Performance သမားဆိုရင် တမျိုးထင်သွားနိုင်ပါတယ်။ သို့ပေမယ့် Google မှာ 5 XL ရှိသလား မပြောတတ်သေးသလို တချို့ကလည်း ဒီကနှစ်မှာ မော်ဒယ်တစ်မျိုးပဲ ထုတ်သွားမယ် ဆိုထားပါတယ်။

မည်သို့ပင် ဆိုစေကာမူ Pixel ဖုန်းသစ်ဟာ Compact တန်းမှာ ရွေးချယ်စရာ ဖြစ်နေသေးသလို 6.0” အရွယ်စားက ကျစ်ကျစ်လျစ်လျစ်နဲ့ ကိုင်လို့ကောင်းတဲ့ အနေထားမှာ ပါဝင်သေးတယ်။

with Mid-range SoC

Android Central အဆိုရ Snapdragon 765G ကို 8GB RAM ၊ 128GB Storage နဲ့ တွဲဖက်ထားနိုင်ချေရှိပြီး အဆိုပါ အချက်လက်သာ မှန်ကန်ခဲ့ရင် Pixel 4a 5G နဲ့ အတူတူပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

90Hz OLED Screen ကိုပဲ အသုံးပြုထားမယ် ပေါက်ကြားလာတဲ့ Pixel 5 ဟာ Full HD+ (2,400 x 1,080) Resolution ကိုပဲ ထွေးပိုက်ထားနိုင်ချေရှိပြီး Punch-hole Notch နဲ့ပဲ မြင်ရမယ်လို့ ခန့်မှန်းရပါတယ်။

Pixel 4a 5G

Image: Slash Gear

ကင်မရာပိုင်းမှာ Dual Camera Setup ပါဝင်လာနိုင်တဲ့ အဆိုပါ စမတ်ဖုန်းမှာ Main + Ultra-wide Lens သုံးထားမယ် သုံးသပ်ရပေမယ့် ပြောဖို့ စောဦးမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် Google အနေနဲ့ Ultra-wide Lens မသုံးသေးသလို Speculation တွေက ဖြစ်နိုင်မယ်လို့တော့ တွေးမိပါတယ်။

Larger cells

ဘက်ထရီပိုင်းနဲ့ ပတ်သက်လို့ 3,080mAh Capacity ပါဝင်မယ် ပေါက်ကြားခဲ့ပေမယ့် အဆိုပါ အချက်လက်ဟာ မှားယွင်းနေတယ်လို့ ထောက်ပြခဲ့ပြီး Pixel 4 မှာ သုံးထားတဲ့ 2,800mAh Capacity ထက်တော့ ပိုကြီးမယ်လို့ သိရပါတယ်။

ရောင်းချမယ့် စျေးနှုန်းနဲ့ ပတ်သက်လို့ Pixel 4a 5G ကို $499 နဲ့ စက်တင်ဘာလ (၃၀) ရက်နေ့မှာ ရောင်းချသွားမှာ ဖြစ်ပြီး Pixel 5 ကတော့ ဝေဝါးနေဆဲပါ။

ဒီသတင်း ဖော်ပြရတာလည်း Google အနေနဲ့ 2020 ပြောင်းလဲလိုက်တဲ့ အချိုးကွေ့က စိတ်ဝင်စားစရာ ကောင်းသလို စက်တင်ဘာလထဲမှာ Pixel ဖုန်းသစ်နဲ့ ပတ်သက်လို့ ပိုပြီး သိရှိလာရဦးမယ် ထင်ပါတယ်။

Source

Add a Comment

Your email address will not be published. Required fields are marked *