Galaxy Note20 ၊ Note20 Ultra ကို Pre-order မှာယူနိုင်ပြီ

Samsung Fan တွေအတွက် နောက်ထပ် ရွေးချယ်စရာ Galaxy Note20 စီးရီးကို မြန်မာနိုင်ငံမှာ အွန်လိုင်း Event ပြုလုပ်ပြီး ကြေညာခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ စမတ်ဖုန်းတွေဟာ Galaxy S20 စီးရီးကိုမှ အဆင့်မြင့်ထားတဲ့ မော်ဒယ်တစ်ခုလို့ ဆိုနိုင်သလို ပိုပြီးတော့ Powerful ဖြစ်တဲ့ Experience ၊ S Pen လုပ်ဆောင်ချက်တွေနဲ့ Note ကိုင်ရတဲ့ အရသာကို တမျိုးတဖုံ ပြောင်းလဲ ပေးထားတဲ့ ထုတ်ကုန်လို့ ပြောရင် မမှားပါဘူး။

Galaxy Note20 Series

Samsung အဆိုရ Galaxy Note20 Ultra လို ဖုန်းမျိုးကို ကွန်ပျူတာ တစ်လုံးကဲ့သို့ အသုံးပြုနိုင်မယ့်အပြင် Screen အရွယ်စား ခပ်ကြီးကြီးကိုမှ နှစ်သက်သူတွေ ရွေးချယ်နိုင်ပါတယ်။

Galaxy Note20 Series launch (Myanmar)

Image: Samsung Myanmar

Note20 ကတော့ သေးသွယ်သွားပြီး ဝိတ်လည်း ပေါ့ပါးမှု ရှိသွားတဲ့အတွက် ဖျော်ဖြေရေး အသားပေး စမတ်ဖုန်းတစ်လုံး အနေနဲ့ ရွေးချယ်နိုင်ပါတယ်။

အဆိုပါ Note20 စီးရီးနဲ့အတူ Galaxy Z Fold 2 ၊ Galaxy Tab S7 စီးရီး ၊ Galaxy Buds Live နဲ့ Galaxy Watch 3 အစရှိတဲ့ ထုတ်ကုန်သစ်တွေကိုလည်း ကြေညာပေးခဲ့သလို Note20 ဝယ်ယူအားပေးလိုသူများ အနေနဲ့ သြဂုတ်လ ၆ ရက်နေ့မှ ၂၆ ရက်နေ့အထိ Pre-order မှာယူနိုင်ပါပြီ။

မှတ်ချက်ပစ္စည်းအလုံးရေ ကျန်ရှိသလောက်သာ

ရောင်းချ သွားမယ့် တန်ဖိုးအနေနဲ့က Note20 ကို 1,299,000 ကျပ် ၊ Note20 Ultra ကို 1,659,000 ကျပ် အသီးသီး ကျသင့်မှာပါ။

Specification အနေနဲ့ 8GB RAM နဲ့ 256GB Storage တို့ပါဝင်မှာ ဖြစ်ပြီး အရောင်အနေနဲ့က Note20 မှာ Mystic BronzeMystic Green နဲ့ Mystic Grey ၃ ရောင် ရွေးချယ်နိုင်မယ်။

Galaxy Note20 Series Specification

Info: Samsung Myanmar

Note20 Ultra မှာတော့ Mystic BronzeMystic Black နဲ့ Mystic White ၃ မျိုး Selection ရှိမှာ ဖြစ်ပါတယ်။ အကယ်၍ Pre-order လုပ်ရင်တော့ စရံငွေ ၁ သိန်း အရင်ပေးသွင်းရမှာဖြစ်ပြီး Samsung အရောင်းဆိုင်ကြီးတွေမှာ Order လုပ်ထားလို့ ရပါတယ်။

Along with pre-order gifts

Pre-order Gift အနေနဲ့ Galaxy Buds+ နဲ့ Buds Live ကို Note20 ၊ Note20 Ultra မှာယူသူများအတွက် ပေးအပ်သွားမှာဖြစ်ပြီး Clear View Cover ကိုလည်း ရရှိဦးမယ်လို့ သိရပါတယ်။

ဒိပြင် ထုတ်ကုန်တွေဖြစ်တဲ့ Galaxy Z Fold 2 ၊ Tab S7 စီးရီးနဲ့ Watch 3 ရောင်းချမယ့် စျေးနှုန်းနဲ့ အချိန်ကိုတော့ ထပ်မံ ပြောကြားသွားမယ်လို့ Samsung Myanmar အဆိုရ သိရပါတယ်။

Samsung Myanmar Press Release ကို ဖော်ပြခြင်း ဖြစ်ပါတယ်

Add a Comment

Your email address will not be published. Required fields are marked *