PUBG Mobile မှာ 90fps Support ရမယ် ကြေညာလိုက်တဲ့ Tencent Games

Posted on

Action ဂိမ်းတစ်ခုအတွက် အရေးကြီးဆုံးက fps (Frame per Second) လို့ ပြောရင် ဂိမ်မာ အများစု လက်ခံကြမှာပါ။ အရေးကြီးဆုံးက ရန်သူထက် လက်ဦးဖို့ လိုသလို နောက်တစ်ချက်က အထစ်ငေါ့ မရှိ ကစားနိုင်ဖို့ အဓိက စကားပြောတာပါ။

ဒီတော့ စမတ်ဖုန်းတွေကို Powerful ဖြစ်အောင် စီမံထားသလို တဖက်မှာလည်း 90fps ကနေ 144fps အထိ Support ပေးနိုင်တဲ့ Display သုံးလာကြပါတယ်။ သို့ပေမယ့် PUBG Mobile လို ဂိမ်းမျိုးက 60fps မှာသာ တစ်နေခဲ့ပြီး ဒီလို ဖြစ်နေခဲ့တာ ဂိမ်းအင်ဂျင်နဲ့ လုံးဝသက်ဆိုင်ပါတယ်။

PUBG Mobile

ဖုန်းတွေ စွမ်းဆောင်ရည် ကောင်းတာ မှန်ပေမယ့် အခုချိန်ထိ 60fps အထက် တင်ကစားနိုင်တဲ့ အမျိုးစား နည်းသေးသလို မြင်သာအောင် ပြောရရင် ဂိမ်းရဲ့ Graphics နောက်ကို မလိုက်နိုင်သေးတာပါ။ Powerful ဖြစ်တာ မှန်ပေမယ့် ခုနပြောသလို High-ground တက်မယ်ဆိုရင် GPU ပါဝါ ပိုလိုမှာပါ။

တကယ်လို့ ကိုယ့်စမတ်ဖုန်းဟာ Ultra HD Graphics နဲ့ Extreme fps ကို ထောက်ပံ့နိုင်တယ်ဆိုရင် သီအိုရီအရ 60fps အထက်ကို တင်ကစားနိုင်တယ်လို့ ပြောနိုင်ပါတယ်။

နောက်တနည်း ဆိုရရင် Unreal Engine ဟာ Unlimited Graphics Capability ကို ထောက်ပံ့ထားပြီး တစ်ချက်ပဲ 60fps အထက် ဆော့ရင် သေချာပေါက် Graphics လျှော့ကစားရမှာပါ။

ဒီလိုပြောရတဲ့အချက်ဟာ PUBG Mobile ရဲ့ Terrain ၊ Vegetation နဲ့ Texture Resolution ကြောင့်ဖြစ်ပြီး အဆိုပါ Setting တွေကို တတ်နိုင်သမျှ Lowest ထား Anti-aliasing ကို Disable လုပ်မှ 60fps အထက် တွန်းနိုင်မှာပါ။

90fps capped

Tencent အနေနဲ့ တစ်စုံတရာ ပြောဆိုထားခြင်း မရှိပေမယ့် 90fps ကို Snapdragon 865 သို့ 865+ သုံးထားတဲ့ High-end ဖုန်းနဲ့ ဂိမ်းမင်းဖုန်းတွေမှာ စက်တင်ဘာလ (၇) ရက်နေ့ကစပြီး ကစားလို့ရလာမှာပါ။

iPhone တွေမှာ 90fps ကစားဖို့ မျှော်လင့်ချက် မရှိသလို 60Hz Refresh Rate သာ ထောက်ပံ့တဲ့ Display ကြောင့် Next Generation ကိုသာ စောင့်ရမှာပါ။

PUBG Mobile Ninja Girl

Ninja Kitty Set (Image: Tencent Games)

အခုလို Action ဂိမ်းအတွက် 90fps Support ရလာတာ ကောင်းတယ်ဆိုရပေမယ့် ဖုန်းတစ်လုံးရဲ့ Processing Power ၊ Cooling Solution ပေါ်မူတည်ပြီး အနည်း ၊ အများ fps Loss တော့ ရှိနေမှာပါ။

တနည်းဆိုရရင် 60fps အထက် ကစားဖို့ စမတ်ဖုန်းတွေ အနေနဲ့ Weak ဖြစ်နေပါတယ်။ Fortnite မှာ 90fps ကို OnePlus ဖုန်းတွေအတွက် ပေးလိုက်တုန်းက Graphics Setting ဟာ Auto “Low” ဖြစ်သွားပါတယ်။

အခု PUBG Mobile မှာလည်း Smooth + 90fps ဖြစ်သွားမယ့် အနေထားရှိပြီး အဆိုပါ Graphics Setting ဟာ Vegetation ၊ Water ၊ Terrain အစရှိတဲ့ Graphics Quality မှာ တော်တော်လေး အားမရစရာ ဖြစ်စေပါတယ်။

Lower your graphics

(အကယ်လို့ သီးသန့် Customize လုပ်နိုင်တဲ့ Custom Tap ပါရင် ပိုကောင်းမှာပါ၊ PUBG Mobile ရဲ့ Graphics Setting ဟာ Overall ဖြစ်နေပြီး GPU ပါဝင်ကြိတ်မယ့် Texture ၊ Resolution ၊ Anti-aliasing ၊ Shadow ၊ Lighting အစရှိတဲ့ Feature တွေ Control မလုပ်နိုင်သေးပါဘူး။

PUBG Mobile gets 90fps Mode

Image: wccftech

fps တင်မယ်ဆိုရင် အဆိုပါ အချက်တွေ Customize လုပ်ပြီးမှ ကစားတာ ပိုကောင်းတဲ့အပြင် fps Stutter ဖြစ်တာ ၊ ဂိမ်း Crash တာမျိုး နည်းပါးမှာပါ)

အဆိုပါ အချက်ဟာ Personal အမြင်တစ်ခုသာ

အနည်းဆုံး HD Setting လောက် Support ပေးနိုင်ရင် Gameplay Experience ပိုင်း ပိုကောင်းလာမှာဖြစ်ပေမယ့် ပြိုင်ဆိုင်မှု အားကောင်းလာတဲ့ အနေထားကြောင့်သာ အခုလို 90fps မရရအောင် Unlock လုပ်ပေးလိုက်တယ်လို့ပဲ မြင်ပါတယ်။

Tencent အဆိုရ Galaxy S20 SeriesNote20 Series ၊ OnePlus 8 နဲ့ 7 Series ၊ Pixel 4 စီးရီး ၊ ROG Phone 2 နဲ့ Razer Phone 2 အပြင် တခြားသော 90Hz ၊ 144Hz စမတ်ဖုန်းတွေမှာလည်း အချိန်အတိုင်းတာ တစ်ခုအတွင်း 90fps Support ရလာမယ်လို့ ထုတ်ပြန်ထားပါတယ်။

Source: The Verge

Leave a Reply

Your email address will not be published. Required fields are marked *