GeForce MX450 မှာ ပါဝင်လာတဲ့ အားသာချက်များ

Posted on

Chip ထုတ်လုပ်သူကြီး Nvidia အနေနဲ့ စက်တင်ဘာလထဲ Ampere ကတ်တွေ မိတ်ဆက်တော့မယ် ဆိုမယ့် ဖြတ်ခနဲ ကြေညာလိုက်တာ Entry Level Laptop တွေအတွက် ထွက်ရှိလာတဲ့ GeForce MX450 ပါ။

အဆိုပါ GPU ဟာ Entry Level တန်းကို ပစ်မှတ်ထားပေမယ့် အကြမ်းဖျင်း စွမ်းဆောင်ရည်အားဖြင့် GTX 16-series ကတ်တွေကို မီလုနီးပါး Powerful ဖြစ်နေတယ်။

ထုံးစံအတိုင်း Optimus ၊ GPU Boost ၊ Vulkan 1.2 နဲ့ OpenGL 4.6 စတဲ့ နည်းပညာတွေ ပါဝင်ထားသလို Product Highlight လုပ်ပေးရမယ်ဆိုရင် GDDR6 (or) GDDR5 Memory ၊ PCIE 4.0 သုံးထားမှာပါ။

GeForce MX450

ဒါကြောင့် သီအိုရီအရ စွမ်းဆောင်ရည် ကောင်းမယ်လို့ သုံးသပ်ရသလို GeForce MX450 ကို Turing Architecture ပထမဆုံး အသုံးပြုထားတဲ့ Entry GPU ဖြစ်တယ်လို့ ဆိုနိုင်တယ်။

Nvidia announced GeForce MX450

Image: E24News

Technical အားဖြင့် ပြောရရင်တော့ GeForce MX450 ဟာ TU117 (Codename for GeForce GTX 1650) Cores ကို အသုံးပြုထားတာ ဖြစ်ပြီး 12nm FinFET Process မှာပဲ အခြေခံထားမှာပါ။

Based on Turing

Cuda Cores 896 ပါဝင်ပြီး 540MHz Base Clock နဲ့ Run မယ်၊ ခန့်မှန်းမှုတွေအရ 64bit Memory Bus မှာ 10Gbps ရှိမယ်လို့ သိရပြီး GDDR5 Memory အသုံးပြုထားမယ့် အမျိုးစားမှာတော့ 7Gbps ရှိမယ်လို့ ကနဦး သုံးသပ်ထားပါတယ်။

TU117 Chip သုံးထားလင့်ကစား 25W ပါဝါသုံးစွဲမှုရှိမှာဖြစ်ပြီး ကောလာဟလတွေအရ GeForce MX430 ကိုလည်း မြင်ရနိုင်ချေ ရှိပါတယ်။ အဆိုပါ Chip မှာ 786 Cuda Cores ၊ 10Gbps (GDDR6) / 7Gbps (GDDR5) ပါဝင်မယ်လို့ သုံးသပ်ရပေမယ့် Specification အပြည့်စုံ သိရဖို့ စောင့်ရနိုင်ချေ ရှိပါတယ်။

with faster Memory

ကျွမ်းကျင်သူတွေအရ GeForce GTX 1650 ရဲ့ 80 ~ 90% လောက်ကို ပေးစွမ်းနိုင်ပြီး Entry Level GPU အတွက် ခပ်ကြမ်းကြမ်း စွမ်းဆောင်ရည် ပေးစွမ်းနိုင်တယ်လို့ Specs တွေအရ ဆိုထားပါတယ်။

GeForce RTX Gaming Laptop

Image: wccftech

ဒါ့အပြင် လက်ရှိ GeForce RTX နဲ့ GTX 16-series ကတ်တွေတောင် မပါဝင်တဲ့ PCIE 4.0 နည်းပညာ အသုံးပြုထားတာ ဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းတယ်ဆိုရတာပါ။

သိတဲ့အတိုင်း စက်တင်ဘာလ (၂) ရက်နေ့မှာ Tiger Lake Processor ကို Intel ကြေညာတော့မယ် ဆိုတော့ တတွဲတွဲ မြင်ရဦးမယ် ထင်ပါတယ်။

Expected to debut with Tiger Lake

ဘာလို့လဲဆိုတော့ 11th Gen Chip တွေဟာ PCIE 4.0 ထောက်ပံ့သလို စဥ်းစားစရာ တစ်ချက်က Intel မှာလည်း Xe GPU ရှိနေတဲ့အချက်ပါ။

AMD မှာလည်း Vega Lines နဲ့ ပိုမိုစွမ်းဆောင်ရည်ကောင်းတဲ့ အတိုင်းတာ တစ်ခု ပေးထားလို့ အဆိုပါ Intel ၊ AMD နဲ့ Nvidia သုံးဖော်ထဲက 2020 ဒုတိယနှစ်ဝက်အတွင်းမှာ Extra Graphics Performance ကို ဘယ်သူ ချပြနိုင်မလဲ?

ဒါကို စက်တင်ဘာလ အတွင်းမှာပဲ သိရတော့မှာမို့ Laptop ဝယ်ယူဖို့ စိတ်ကူးထားရင် စောင့်လိုက်ပါဦးလို့ ဆိုချင်ပါတယ်။

GeForce MX Series Line-up ကို မြင်သာအောင် ဇယားနဲ့ ဖော်ပြလိုက်ပါတယ်။

GPU Name GPU Architecture CUDA Cores GPU Clock Memory Speed Memory Bus TDP
GeForce MX 450 Turing TU117 768-896? 540 – TBA MHz 10 Gbps GDDR6 64-bit 25W
GeForce MX 430 Turing TU117 768-896? TBA – TBA MHz 10 Gbps GDDR6
7 Gbps GDDR5
64-bit 25W
GeForce MX 350 Pascal GP107 640 1354-1468 MHz 7 Gbps GDDR5 64-bit 25W
GeForce MX 350 Pascal GP107 640 746-937 MHz 7 Gbps GDDR5 64-bit 15W
GeForce MX 330 Pascal GP108 384 1531-1594 MHz 6/7 Gbps GDDR5 64-bit 25W
GeForce MX 310 Pascal GP108 256 1341-1379 MHz 6/7 Gbps GDDR5 64-bit 25W
GeForce MX 250 Pascal GP108 384 1518-1582 MHz 6/7 Gbps GDDR5 64-bit 25W
GeForce MX 250 Pascal GP108 384 937-1038 MHz 6 Gbps GDDR5 64-bit 10.5W
GeForce MX 230 Pascal GP108 256 1518-1531 MHz 6/7 Gbps GDDR5 64-bit 25W
GeForce MX 150 Pascal GP108 384 1468-1531 MHz 6 Gbps GDDR5 64-bit 25W
GeForce MX 150 Pascal GP108 384 937-1038 MHz 5 Gbps GDDR5 64-bit 10W
GeForce MX 130 Maxwell GM108 384 1122-1242 MHz 6 Gbps GDDR5 64-bit 25W
GeForce MX 110 Maxwell GM108 256 963-993 MHz 1.8 Gbps DDR3 64-bit 10W

Source

Leave a Reply

Your email address will not be published. Required fields are marked *