Zenfone 7 နဲ့ 7 Pro မော်ဒယ်နှစ်မျိုးရဲ့ Specification Highlight

Posted on

ထိုင်ဝမ်နိုင်ငံ အခြေစိုက် ASUS ရဲ့ Flagship Series အသစ်ကိုတော့ ကြေညာသွားပါပြီ။ Gaming အသားပေး “ROG Phone 3” ပြီးနောက် Photography ပိုင်း အသားပေးလိုက်တဲ့ ထုတ်ကုန်လို့ တင်စားနိုင်သလို World of Flipping လို့လည်း ပြောနိုင်တဲ့ Zenfone 7 နဲ့ Zenfone 7 Pro နှစ်မျိုးကို မိတ်ဆက်သွားပါပြီ။

သိတဲ့အတိုင်း ကပ်ရောဂါ ဒုတိယလှိုင်း ကမ္ဘာတဝှမ်း ခံစားရပြီဆိုပေမယ့် PC နဲ့ Smartphone ထုတ်ကြွားရေးကိုတော့ တိုက်မစားသွားခဲ့ဘူး။ 2020 ဒုတိယနှစ်ဝက်မှာတင် ဖုန်းအထွက်ကြမ်းလှသလို ရွေးချယ်စရာ သောင်းခြောက်ထောင်မက ရှိနေတဲ့ထဲက ASUS ဘာတွေ ပြင်ဆင်ပေးလိုက်လဲ?

Zenfone 7 Announced

အရင်ဦးဆုံး စျေးပေါ့။ အဆိုပါ ဖုန်းနှစ်မျိုးကို US နဲ့ ဥရောပနိုင်ငံတွေမှာ ရောင်းချဖို့ ပြင်ဆင်ထားပြီး ထိုင်ဝမ်မှာတော့ ကာလပေါက်စျေး 7 ကို $749 ၊ 7 Pro ကို $953 တန်ကြေးနဲ့ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

စျေးနှုန်းအားဖြင့် မသေးလှဘူးဆိုပေမယ့် Zenfone မော်ဒယ်သစ်မှာ ပါဝင်လာတဲ့ Hardware ပိုင်း Feature ပိုင်း လုပ်ဆောင်ချက်တွေ ကြည့်ရင်း စာဖတ်သူတွေကိုပဲ စဥ်းစားစေချင်ပါတယ်။

ASUS Zenfone 7 Series

Image: ASUS

မြန်မာနိုင်ငံမှာ တရားဝင် ရောင်းချသွားဖို့ ရှိမရှိကိုတော့ မပြောနိုင်သေးဘဲ အရင်ဦးဆုံး Highlight လုပ်ပေးချင်တာ Flipping ကင်မရာပါ။

Flipping Cameras

Zenfone 6 နဲ့ ဆင်တူဖြစ်တယ်ဆိုမယ့် ဒီတခါ 8MP Telephoto Sensor ပါဝင်လာပါပြီ။ အရှေ့ ၊ အနောက် Flip လုပ်ပြီး အသုံးပြုနိုင်တဲ့ ကင်မရာဟာ Zenfone ရဲ့ Signature ဖြစ်တယ်လို့ ဆိုနိုင်သလို လတ်တလော အနေအထားအရ Selfie အကောင်းဆုံး Position ကို ထိန်းထားနိုင်မယ်လို့ တွေးမိပါတယ်။

အဆိုပါ Tele Lens ဟာ 3x Optic Zoom ကို ထောက်ပံ့ထားပြီး Pro အလုံးမှာ OIS စနစ် ပါတင်တယ်လို့ သိရပါတယ်။ အလားတူ Pro ရဲ့ 64MP Main Sensor လည်း OIS ကို ထောက်ပံ့ထားပြီး သာမန် 7 မှာတော့ ပါဝင်ခြင်း မရှိပါဘူး။

Better capabilities

Camera Specification ပြောရရင် 64MP Sony IMX686 Sensor သုံးထားပြီး 8K မှာ 30fps ၊ 4K မှာ 120fps နှုန်း ရိုက်ကူးပေးနိုင်ပြီး HDR နဲ့ Night Mode အစရှိတဲ့ A.I Features တွေ ထည့်သွင်းထားပါတယ်။

ASUS Zenfone 7 Series

Image: Phone Arena

Ultra-wide Lens မှာတော့ 13MP ကနေ 12MP Sensor ဖြစ်သွားပြီး 113 Field of View ရှိတယ်၊ Sony IMX363 Sensor ကိုပဲ အသုံးပြုထားပြီး Dual Pixel AF ပါဝင်တယ်။ 4K Recording နဲ့အတူ Hyper Steady Video Mode ကိုလည်း ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

အဆိုပါ Sensor ကို နောက်တနည်း Macro Shooter အနေနဲ့လည်း အသုံးပြုနိုင်ပြီး AF စနစ်က 4cm အကွာဝေးထိ အသုံးပြုနိုင်တယ်လို့လည်း ဆိုထားပါတယ်။

and more durable

ဒါကြောင့် ကင်မရာပိုင်းနဲ့ ပတ်သက်လို့ Expectation Level ရောက်အောင် စွမ်းဆောင်နိုင်တယ်လို့ အချက်လက်တွေအရ ခန့်မှန်းနိုင်ပြီး ဘယ်လောက် ကောင်းမလဲဆိုတာကိုတော့ Review တွေနဲ့ စောင့်ကြည့်ရမယ်၊

ကင်မရာ Flip လုပ်နိုင်တဲ့ အကြိမ်ရေနဲ့ ပတ်သက်လို့ ၂ သိန်းခန့် အသုံးပြုနိုင်တယ် ASUS ဆိုထားပြီး အဆိုပါ ပမာဏဟာ Zenfone 6 ရဲ့ အကြိမ်ရေ ၁ သိန်းရဲ့ ၂ ဆ ဖြစ်လို့ မဆိုးပေဘူး။

ASUS Zenfone 7 Series

Image: Phone Arena

တနေ့ ၅ ခါ Flip လုပ်ရင် ၅ နှစ်လောက် မယိုယွင်းဘူးလို့လည်း ကြွားလုံးထုတ်ထားပါတယ်။

Display upgraded

ဒုတိယ အနေနဲ့ ဖော်ပြလိုတာက Display ၊ Zenfone 6 တုန်းကလို LCD Panel နဲ့ ထွက်ရှိလာတာ မဟုတ်ဘဲ AMOLED နဲ့ ပွဲထုတ်လာတာဖြစ်ပြီး 90Hz Refresh Rate ကို Support လုပ်တယ်။

GSMArena အဆိုရ 1,000nits Peak Brightness ရှိတယ်ဆိုထားလို့ ပြောနိုင်တာ HDR10 Display ဖြစ်တယ်ဆိုတဲ့ အချက်ပါ။ Zenfone 7 နှစ်မျိုးလုံးမျာ 6.67” Screen ကို တပ်ဆင်ထားပြီး 20:9 Wide Aspect Ratio ရှိတယ်။

ဖြည့်စွက်ချက် အနေနဲ့ DC Dimming ၊ Anti Flicker နဲ့ Always-on Mode တို့ ပါဝင်ပြီး 110% DCI-P3 Colour Format ကို Coverage လုပ်ပေးထားတယ်လို့ သိရပါတယ်။

ASUS Zenfone 7 Series

Image: Phone Arena

ဒါကြောင့် Display ပိုင်း မဆိုးဘူးလို့ ကောက်ချက်ချနိုင်ပြီး Samsung Panel ဖြစ်တဲ့အတွက် အိုကေတယ်လို့ ထပ်ပြောပေးရမှာပါ။

စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ Snapdragon 865 ၊ 865+ ရယ်လို့ နှစ်မျိုးကွဲသွားပြီး 7 နဲ့ 7 Pro ဖြစ်လာမယ်လို့ မှတ်ယူနိုင်ပါတယ်။ ခေတ်ပေါ် Flagship ဖုန်းတွေနဲ့ ရင်ဘောင်တန်းထားတဲ့ Zenfone အသစ်မှာ LPDDR5 RAM အသုံးပြုထားပြီး 8GB ကို Basic အနေနဲ့ ရရှိမယ်။

Powered by Snapdragon

UFS 3.1 Storage ကို အသုံးပြုထားပြီး 128GB နဲ့ 256GB အဖြစ် မော်ဒယ်အလိုက် ကွာသွားတယ်။ ဒါကို Storage ထပ်တိုးချင်ရင် microSD ကနေ Upgrade လုပ်နိုင်ပြီး 2TB ပမာဏ အထိ Support လုပ်တယ်လို့ သိရပါတယ်။

Battery ပိုင်းနဲ့ ပတ်သက်လို့ 5,000mAh Capacity ကိုပဲ သုံးစွဲပေးထားပေမယ့် 30W Fast Charging ကို Support လုပ်ထားပြီ ဖြစ်ပါတယ်။ ROG ဖုန်းတွေလို Charge Rate ကို သတ်မှတ်ပေးနိုင်ပြီး နာရီဝက်အတွင်း 60% အားဖြည့်ပေးနိုင်တယ်။

ASUS Zenfone 7 Series

Image: wccftech

Design ပိုင်းနဲ့ ပတ်သက်လို့ Zenfone 7 နှစ်မျိုးလုံးမှာ Aluminum Body အသုံးပြုထားပြီး Gorilla Glass 6 နဲ့ Protect လုပ်ထားတယ်။ အရှေ့ဘက် Glass Body ကိုတော့ Gorilla Glass 3 နဲ့ Cover လုပ်ထားပြီး OLED Panel သုံးလင့်ကစား In-display Fingerprint Sensor မပါဝင်ပါဘူး။

Available in white or black

3.5mm Headphone Jack Port လည်း ပျောက်နေသလို Zenfone ကို ရွေးချယ်စေမယ့် အကြောင်းပြချက် နောက်တစ်ခုက Stock Android နီးနီး သုံးနိုင်တဲ့ အချက်ပါ။ 5G ဖုန်းဖြစ်ပေမယ့် Sub-6GHz ကိုသာ သုံးစွဲထားပြီး mmWave စနစ်ကို မထောက်ပံ့ထားပါဘူး။

ASUS Zenfone 7 Series

Image: ASUS

ASUS ပေးစွမ်းထားတဲ့ Chipset Performance ၊ Camera Function နဲ့ အရည်သွေး ၊ တိုးချဲ့နိုင်တဲ့ Storage Option နဲ့ Battery ပိုင်း Caring လုပ်ထားတာတွေက နှစ်သက်စရာပါ။

သို့ပေမယ့် တန်ဖိုးအားဖြင့် မသေးလှတာမို့ စာဖတ်သူ အမြင်ဘယ်လိုရှိလဲ ပြောသွားပါဦး။

Source: The Verge ၊ GSMArena

Leave a Reply

Your email address will not be published. Required fields are marked *