Fall Guys မိုဘိုင်းဂိမ်း အဖြစ် မြင်ရဖို့ ပေါက်ကြားလာပြီ

Posted on

လက်ရှိ Popular ဖြစ်နေတဲ့ ဗီဒီယိုဂိမ်းက စာဖတ်သူတွေ သိပြီးသား ဖြစ်လောက်တဲ့ Fall Guys ပါ။ နာမည်ကျော် AAA ဂိမ်းကြီးတွေပါ ကျော်တက်ပြီး Twitch Channel မှာ အများစု ထိုင် Stream နေကြပြီး ပျော်ရွှင်နေတဲ့အထိ အောင်မြင်ခဲ့တဲ့ ဂိမ်းလေးပါ။

Fall Guys ဟာ တနည်း ပြောရရင် ရယ်စရာကောင်း ၊ တစ်ခါတလေ အူတက်ရတဲ့အထိ ဆော့ကောင်းတဲ့ Battle Royale ဂိမ်းပါ။ Steam မှာ $19.99 နဲ့ ရောင်းချနေပြီး Player အယောက် 60 နဲ့အတူ ကစားရမယ်။

Fall Guys

Gameplay ပိုင်းက Mini Game ပုံစံဆိုပေမယ့် မလွယ်ဘူး၊ ရှောင်ရ ၊ ပြုရနဲ့ တစ်ခါတလေ Puzzle တွေ ဖြေရှင်းရင်း အတိုက်ခံရ ၊ အောက်ပြုတ်ကျလိုက် ၊ လွှင့်ထွက်သွားလိုက်နဲ့ ကစားလို့ကောင်းတဲ့ ဂိမ်းလေးပါ။

Fall Guys: Ultimate Knockout Gameplay

ဒီလို Area မတူတဲ့ Mini Game ကို တစ်ခုပြီးတစ်ခု ကစားရမှာဖြစ်ပြီး Mini Game တစ်ခုတိုင်းမှာ ပန်းတိုင်အရင်ဝင်သူတွေက နောက်တစ်ပွဲ ဆက်ကစားရမယ်။ ထိုင်ပြုတ်ကျ ၊ လွှင့်ထွက်နေသူက ပွဲအဆုံးသတ်မှာ Eliminate လုပ်ခံရမှာဖြစ်ပြီး Battle Royale ထုံးစံ နောက်ဆုံး ပန်းတိုင်ဝင်သူက အောင်နိုင်သူ ဖြစ်မှာပါ။

စာဖတ်သူ ရယ်ရအောင်လို့ Gameplay အတိုကိုလည်း ဖော်ပြလိုက်ပါတယ်။

လတ်တလော Steam Platform မှာ Rating ကောင်းမွန်တဲ့ ဂိမ်းအဖြစ် ရပ်တည်နေသလို သြဂုတ်လ (၃) ရက်နေ့မှာ ထွက်ရှိလာတဲ့ Developer: Mediatonic လက်ရာ Ultimate Knockout ဟာ ၂ ပတ်အတွင်း Digital Copy ပေါင်း ၂ သန်း ကျော် ရောင်းချထားရတယ်လို့ သိရပါတယ်။

ဒါနဲ့အတူ ဖော်ပြပေးလိုတာက တရုတ် Entertainment ကုမ္ပဏီတစ်ခုဖြစ်တဲ့ “Bilbli” ဟာ မိုဘိုင်း Version ထုတ်ဖို့ မူပိုင်ခွင့် ရရှိထားပြီဆိုတဲ့ အချက်ပါ။

Jelly Bean Version

သို့ပေမယ့် တရုတ်နိုင်ငံ အတွင်းမှာသာ အရင်ကစားလို့ ရလာမယ့် မိုဘိုင်းဂိမ်းကို Jelly Bean: Ultimate Knockout လို့ Google Translate က ဘာသာပြန်ထားသလို တရုတ်နိုင်ငံမှာ ရောင်းချတဲ့ PC နဲ့ PS4 Version တွေမှာလည်း အဆိုပါ Jelly Bean နာမည်နဲ့လာတယ်လို့ သိရပါတယ်။

ဒါကြောင့် သတင်းမီဒီယာတွေမှာ Jelly Bean တွေ ပြုတ်ကျကုန်ပြီလို့ နောက်ပြောင်ခဲ့သလို Fall Guys ရဲ့ Character ကလည်း Jelly Bean နဲ့ ဆင်တူပါတယ်။

တစ်ခု သတိချပ်စရာက မိုဘိုင်း Version ထွက်ရှိမယ်လို့ အတည်ပြုထားခြင်း မရှိသေးသလို တကယ်လို့ Fall Guys ကြော်ငြာကို စမတ်ဖုန်းမှာ တွေ့ခဲ့ရင် အဲ့ဒါဟာ Scam ဖြစ်တယ်၊ လက်လွတ်စပယ် မဖြစ်ဖို့ သတိပေးထားတာ တွေ့ရပါတယ်။

Fall Guys: Ultimate Knockout Gameplay

Image: Tech Radar

ဒါကြောင့် Jelly Bean တွေ မိုဘိုင်း Version ရောက်လာဖို့ အတိုင်းတာ တစ်ခုထိ စောင့်ရနိုင်ချေ ရှိတယ်လို့ ပြောရသလို ထွက်မယ် ၊ ထွက်မယ် တကဲကဲ ဖြစ်နေတဲ့ Apex Legends ၊ Diablo: Immortal တို့လို ကာလ အပိုင်းခြားတခု ကြာမြင့်နိုင်ချေ ရှိမယ် ထင်ပါတယ်။

လေ့လာနိုင်မယ့်ဆောင်းပါး
iOS နဲ့ Android မှာ ကစားနိုင်မယ့် မိုဘိုင်းဂိမ်း အမျိုး (၂၀)

Source

Leave a Reply

Your email address will not be published. Required fields are marked *