OneUI 2.5 Update ရရှိလာမယ့် Galaxy S20 ၊ S10 နဲ့ Note10 စီးရီး

Posted on

နောက်ဆုံးထွက် OneUI Software ကို Galaxy Note20 စီးရီး မိတ်ဆက်ပွဲနဲ့အတူ သရုပ်ပြသွားခဲ့တဲ့အတိုင်း ယခုတခါ သတင်းထူး ပြောလိုတာက အဆိုပါ Update Software ကို S20 စီးရီးတွေမှာ မကြာခင် အသုံးပြုနိုင်တော့မယ် ဆိုတာပါ။

ဒါကို SamMobile တင်ပို့ချက်အရ သိရတာ ဖြစ်သလို Samsung အနေနဲ့လည်း OneUI 2.5 ကို Galaxy S20 ၊ S20+ နဲ့ S20 Ultra တွေဆီ Region အလိုက် ဖြန့်ချီနေပါပြီ။

OneUI rolls out

လက်ရှိအချိန်မှာတော့ ဥရောပနိုင်ငံ တချို့မှာပဲ ရရှိသေးသလို 5G မော်ဒယ်တွေကို ဦးစားပေးထားတဲ့ အနေထားမှာ ရှိနေပါတယ်။ သို့ပေမယ့် အချိန်အတိုင်းတာ အလျောက် UI Update ရရှိလာမှာဖြစ်ပြီး ထူးခြားချက်တချို့ Highlight လုပ်ပေးရမယ်ဆိုရင်

Wireless DeX Support

အဆိုပါ Feature မှာ Galaxy စမတ်ဖုန်းကို Supported TV နဲ့ ချိတ်ဆက်ပြီး ဖုန်း Screen ကို Touchpad အနေနဲ့ သုံးစွဲနိုင်မယ်

OneUI 2.5 GiF

Image: The Verge

Pro Video Mode

ဒါကတော့ ကင်မရာ Feature သစ်တစ်ခုဖြစ်ပြီး S20 စီးရီး သုံးစွဲသူအနေနဲ့ 8K ဗီဒီယို Recording ကို 24fps နဲ့ ရိုက်ကူးနိုင်မယ်၊ ဒါက ရှိပြီးသား ဆိုပေမယ့် Mic ကို Manually Switching လုပ်လို့ ရလာမယ်

Single Take (Minor)

Single Take ကို OneUI 2.1 မှာ မိတ်ဆက်ခဲ့ပြီး ဆိုပေမယ့် Minor Improvement လုပ်ထားတဲ့အချက်က ရိုက်ကူးနိုင်တဲ့ အချိန်ကို ပြောင်းလဲထားတာပါ

Wi-Fi Connect (Minor)

ဒီအချက်ကတော့ Galaxy Device အချင်းချင်း Wi-Fi Credentials နဲ့ ပတ်သက်လို့ Sharing လုပ်တဲ့အခါ ပိုမြန်ဆန်လာတာကို ပြောချင်တာပါ

OneUI 2.5 Update Screen Shot

Image: SamMobile

Notes App

ဒီတခါ Update မှာတော့ Audio Recordings တွေကို Written Notes နဲ့ Sync လုပ်ပေးမယ့် Feature စသဖြင့် ပါဝင်လာမှာပါ

ဒီလို Feature သစ်တွေ ပါဝင်လာတာ Galaxy စမတ်ဖုန်း သုံးစွဲသူတွေအတွက် သတင်းကောင်းဖြစ်သလို Update ချပေးတာနဲ့ ပတ်သက်လို့ ခြေလှမ်းသွက်တယ်လို့ ဆိုရဦးမှာပါ။

S20 စီးရီးတွေ ခပ်မြန်မြန်နဲ့ ရရှိမှာဖြစ်သလို LTE Version တွေလည်း မကြာခင်မှာ Update ရလာမယ်။ သို့အတူ Galaxy S10 စီးရီး ၊ Note10 စီးရီးနဲ့ Galaxy Z Flip နဲ့ Galaxy Fold စမတ်ဖုန်းတွေမှာလည်း ရရှိလာမယ်လို့ သိရပါတယ်။

Source via

Leave a Reply

Your email address will not be published. Required fields are marked *